Guided Access ဆိုတာ သာမန်အားဖြင့် မိမိ အသုံးပြုနေသော Game, Apps တို့ကို Personal အရ သုံးနေစဉ် အခြား သူငယ်ချင်းတစ်ယောက်မှဖြစ်စေ ၊ ကလေး တစ်ယောက် ဖြစ်စေ,ပေးသုံးရတာမျိုးတွေ ရှိတတ်ပါတယ်။
အဲလို အခြေအနေမျိုးရောက်ရှိလာပြီဆိုရင် လက်ရှိ သုံးနေတဲ့ Apps, Games ကနေ မထွက်ချင်လို့ (သို့) ကိုယ်မနှိပ်စေချင်တဲ့ ခလုပ် (Button,Space,Bar,Places,..) (သို့) Phone Screen ၏မျက်နှာပြင် တစ်နေရာရာ ကိုဖြစ်စေ Guided Access ကို အသုံးချပြီး (Home Button ကို Triple Click ခြင်းအားဖြင့်) Protect လုပ်လို့ရပါတယ်။ပြီးတော့ ကိုယ်က အခြားတစ်ယောက်ကို Photo ကြည့်ခွင့်သာပေးပြီး Edit, Delete လုပ်ခွင့် မပေးချင်တဲ့ အချိန်မျိုးတွေမှာလဲ သုံးလို့ အစဉ်ပြေပါတယ်
Guided Access ကို အသုံးပြုရန်
Setting မှ > General မှ > Accessibility မှ > Guided Access အစဉ်လိုက် ဝင်သွားပါ။
ပြီးလျှင် Guided Access ကို ON ပေးလိုက်ပါ။
Set Passcode ကိုလည်း ONပေး လိုက်ပါ
(မိမိ နှစ်သက်သော Passcode တစ်ခု ပေးလိုက်ပါ)
အောက်နားက Accessibility Shortcut ကိုလည်း ON ပေးလိုက်ပါ
အားလုံးပြီးလျှင် ပြန်ထွက်၍
Setting> General > Accessibility ကိုရောက်ရှိသွားပါမယ်.
(Screen ကို Scroll Up လုပ်ပြီး)
အောက်ဆုံးမှာရှိတဲ့ Accessibility Shortcut ကိုပြန်ဝင်ပေးပါ
(Setting> General> Accessibility> Accessibility Shortcut)
ထိုထဲမှ - Guided Access
- VoiceOver
- Invert Colors
- Zoom
- Switch Control
- Assistive Touch ဟူ၍ ရှိနေပါလိမ့်မည်။
Guided Access ကို Tick (အမှန်ခြစ်)ရွေးပေးပါ။
ထို့နောက် မိမိ အသုံးပြုလိုသော App (or) Game တစ်ခု ဖွင့်လိုက်ပါ
ပြီးလျှင် Home Button ကို Triple Click (၃ကြိမ်ဆက်တိုက်နှိပ်)ပေးပါ။
လက်ရှိဝင်သုံးနေသော App (or) Game သည့် အနဲငယ် ကျုံ့သွားပြီး
Screen ၏ပေါ်ပိုင်း (ဘယ်ဘက်တွင်) "Cancel" ,
Screen ၏ အပေါ်ပိုင်း (ညာဘက်တွင်)
"Start",
Screen ၏အောက်ပိုင်း (ဘယ်ဘက်တွင်)
"Option", ဟူ၍ပေါ်လာမည်။
မိမိ မနှိပ်စေလိုသော Button (or) Space နေရာတစ်ခုကို ဝိုင်းလိုက်ပါ၊
(သေချာအောင် ပြန်ချိန်ညှိ၍လဲရပါသည်)
ပြီးလျှင် အပေါ်ပိုင်း ညာဘက်ထိပ်မှ "Start" ကိုနှိပ်လိုက်ပါ
(Passcode တောင်းလျှင် ခုဏက လုပ်ထားတဲ့ Passcode ပဲပြန်ထဲ့ပေးလိုက်ပါ)
Screen သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ခုဏက ဝိုင်းလိုက်တဲ့နေရာဟာ ဘယ်လို နှိပ်နှိပ် အကျိုးသက်ရောက်မှု မရှိတော့ ပဲ ဖြစ်သွားပါလိမ့်မည်။
ပုံမှန် အနေအထားတိုင်း ပြန်ထွက်ချင်ရင်တော့ Triple Click ထပ်ပြီး အပေါ်ပိုင်း ဘယ်ဘက်က "End" ကိုပြန်နှိပ်ပေးလိုက်ပါ
(ပုံမှန်အနေအထားကို ပြန်လည်ရောက်ရှိသွားပါပြီ)