Blog Name မှာ ရေးထားသလိုပါပဲ ဒီ Blog မှာတော့ နည်းပညာနဲ့ ပတ်သက်တာတွေအပြင် အခြားသိသင့်သိထိုက်တာတွေကို မျှဝေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
How to Activate Microsoft Office or Windows License
ယခုလုပ်နည်းဟာ Microsoft Office (Word, Excel,…) ကိုဖြစ်စေ ၊ Windows License ကိုဖြစ်စေ
Activator Software File ကို အသုံးပြုပြီး Activate လုပ်တဲ့နည်းဖြစ်ပါတယ်
ယခုရှင်းပြမည့်လုပ်ဆောင်နည်းတွင် ပါရှိသော Screenshot, Setting အမည် (အခေါ်အဝေါ်) နှင့် Setting နေရာ (ပုံစံ) များကို ပုံသေ တသမတ်တည်း မသတ်မှတ် စေလိုပါ။ သူ့အချိန်နဲ့သူ၊ သူ့ Version Update ထွက်ရင်ထွက်သလို အပြောင်းအလဲရှိနိုင်ပါတယ်။ သို့သော် လုပ်ဆောင်ပုံ သဘောတရားခြင်းကတော့ အတူတူပဲဖြစ်ပါသည်။
(ဥပမာ - Finish နေရာတွင် Done ပြောင်းသွားနိုင်ခြင်း၊ Accept နေရာတွင်Allow ပြောင်းသွားနိုင်ခြင်း၊ Confirm နေရာတွင် Approve ပြောင်းသွားနိုင်ခြင်း၊ Setting နေရာများသည် အပေါ်ဘက်မှ အောက်ဘက်၊ ဘယ်ဘက်မှ ညာဘက် စသဖြင့် ပြောင်းသွားနိုင်ပါသည်)
မိမိ၏ Microsoft Office (သို့) Windows သည် Activate ဖြစ်/မဖြစ် သိသောသူများ ယခုစာမျက်နှာကို ကျော်သွားနိုင်ပါသည်
Microsoft Office ကို Activation လုပ်ရတယ်ဆိုတာ “Activation Failed (သို့) Not Activated” စတဲ့ အနီရောင်စာသားပါတဲ့ Box တစ်ခု တက်တက်လာတာလဲ ဖြစ်နိုင်သလို၊ ဘာမှ Edit ပြင်လို့ မရတော့တာမျိုးလဲ ဖြစ်နိုင်ပါတယ်။ အောက်ကပုံကိုကြည့်နိုင်ပါတယ်
Windows ကို Activation လုပ်ရတယ်ဆိုတာ “Your Windows license will expire soon” စတဲ့ စာသားပါတဲ့ Box တစ်ခု တက်တက်လာတာလဲဖြစ်နိုင်သလို၊ Desktop Screen ရဲ့ညာဘက်ထောင့် အောက်နားလေးမှာ “Activate Windows” စာသားပြနေတာ
တာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။ အောက်ကပုံတွေကိုကြည့်နိုင်ပါတယ်
စတင်မလုပ်ဆောင်ခင် Antivirus များခဏပိတ်ထားခြင်း
Activator File ကို Download မဆွဲခင်/မဖွင့်ခင် မှာ မိမိစက်ထဲမှာရှိတဲ့ Security Program(Antivirus) တွေကိုခဏ အရင်ပိတ် Off/Pause လုပ်ထားဖို့လိုပါမယ်။ Security Program ဆိုတဲ့နေရာမှာ မိမိစက်ထဲမှာ အသင့်ပါလာတဲ့ Windows Defender လဲဖြစ်နိုင်သလို ၊ အပြင်မှ ထပ်မံထည့်သွင်းထားနိုင်တဲ့ Antivirus တွေဖြစ်တဲ့ Kaspersky, Smadav, Bitdefender, McAfee, Avira, Norton... စသဖြင့် မိမိအသုံးပြုသည့်အလိုက် အမျိုးအမျိုးရှိနိုင်ပါတယ်။ မိမိ စက်မှာ အပြင်ကနေ သီးသန့်သွင်းထားတာမျိုးမရှိရင်တော့ အမှတ်စဉ် (၁) ကို ဆက်သွားပါ။
အမှတ်စဉ် (၁)
Security Program (သို့) Antivirus ကိုပိတ်ရန် အောက်ပုံ မြှား 1 အတိုင်း Search ကနေ (သို့) Windows Key ကိုနိပ် ပြီး security ဟုရိုက်ထဲ့လျှင် Windows Security ဟု အောက်ပုံ မြှား 2 အတိုင်း ပေါ်လာပါမည်။ Windows Security ပေါ်ကိုနိပ်ပြီးဖွင့်လိုက်ပါ
အမှတ်စဉ် (၂)
အောက်ပုံ မြှား 3 အတိုင်း အချောင်း ၃ချောင်းနေရာကို နိပ်ပြီး အောက်ပုံ မြှား 4 အတိုင်း Virus & treat protection ပေါ်ကိုနိပ်ပါ
အမှတ်စဉ် (၃)
အောက်ပုံ မြှား 5 အတိုင်း Virus & threat protection settings အောက်က Manage settings ကိုနိပ်ပြီး
အောက်ပုံ မြှား 6 အတိုင်း Real-time protection အောက်က ဟာလေးကို Off လုပ်ပေးပါ (ပုံမှာ On ထားပေးမယ့် Off လုပ်ရန်)
မှတ်ချက် - ယခုအဆင့်တွင် Box တစ်ခုခု တက်လာခဲ့ပါက Yes\Allow\Ok စတဲ့ စာသားတွေ ပါတဲ့ဟာကိုရွေးပေးသွားပါ။
(Server နဲ့ Domain ချိတ်ထားတဲ့စက်တွေဆို Administrator Username & Password တောင်းပါလိမ့်မည်)
အမှတ်စဉ် (၄)
အမှတ်စဉ် (၃) အထိလုပ်ဆောင်မှု အဆင်ပြေသူများ ယခုအဆင့်ကို ကျော်သွားပါ အမှတ်စဉ် (၅) ကိုဆက်လုပ်သွားပါ။
အပေါ် အမှတ်စဉ် (၃) အဆင့်တွင် - မိမိစက်တွင် ပြင်ပမှ Install လုပ်ထားသော (အပေါ်ဆုံးမှာပြောခဲ့တဲ့) Security Program (Antivirus) များရှိနေပါက Off နိပ်ရန် အဆင်ပြေမည်မဟုတ်ပါ။ အပေါ်ကပုံတွေလိုမဟုတ်ဘဲ Setting များ တစ်ခုခု ပြောင်းမရဖြစ်နေပါက၊ မိမိ စက်တွင် အခြား Antivirus တစ်ခုခု Install လုပ်ထားလို့ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် Antivirus အမျိူးအစား အလိုက် Off (Pause) လုပ်နည်း အမျိုးအမျိုးကွဲပါမည်။ (ဒီကနေ Antivirus တိုင်းအတွက် Off/Pause လုပ်နည်းထဲ့ရေးမည်ဆိုလျှင် စာအရမ်းရှည်သွားပါမယ်) ထို့ကြောင့် Google တွင် Off/Pause/Disable လုပ်နည်းကို How to pause/off “Antivirus အမည်” စသဖြင့်ရှာကြည့်ပါ။
ဥပမာ - Kaspersky ဆိုပါစို့ အောက်ပုံကိုကြည့်ပါ အစမ်း ရှာပြပေးထားခြင်းဖြစ်ပါတယ်။
အမှတ်စဉ် (၅)
အောက်တွင်ပေးထားသော Link မှ Download ဆွဲပါ။ Link ထဲဝင်ပြီးသွားရင်အောက်ပုံအတိုင်း Direct download ကိုနိပ်ပြီး Download ဆွဲပါ။
https://u.pcloud.link/publink/show?code=XZdq9hXZFdbI6bDnWHFlD41GUOnBrp7nkcFX
အပေါ်ရှိ Link ပေါ်ကို Click နိပ်လိုက်ပြီး (တစ်ခုခုတက်လာပါက Allow/Ok/Yes/Approve စတာ တစ်ခုခုကို ရွေးနိပ်ပြီး) Download ဆွဲနိုင်ပါသည်။
(သို့)
အပေါ်ရှိ Link ပေါ်ကို Select လုပ် Copy/Paste လုပ်ပြီး Browser တွင်ပြန်ဖွင့်ခြင်းဖြင့်လဲ Download ဆွဲနိုင်ပါသည်။
အမှတ်စဉ် (၆)
Download ဆွဲတာ ပြီးသွားပြီဆိုပါစို့၊ အောက်ပုံ မြှား 7 အတိုင်း Download Folder (Download ဆွဲထားတဲ့ File ရှိတဲ့နေရာ) ထဲသွားပြီး အောက်ပုံ မြှား 8 အတိုင်း Select မှတ် Right Click နိပ်၊ အောက်ပုံ မြှား 9 အတိုင်း Extract to “Microsoft or Windows Activator” ကိုနိပ်ပါမယ်။ တန်းမဖွင့်ဘဲ Extract ကိုအရင်လုပ်ရခြင်းကတော့ File ကို RAR အမျိုးအစားဖြစ်တဲ့ Package ထဲထည့်ထားတာမလို့ အထုတ်အရင်ဖြည်တဲ့ သဘောပါ။ Package ထဲ ထည့်မထားဘူးဆိုရင် (Antivirus သာ Off /Pause / Disable မလုပ်ထားရင်) Antivirus က Virus တစ်မျိုးထင်ပြီး Delete လုပ်ပစ်လေ့ရှိလို့ပါ။ မိမိစက်မှာတော့ RAR ဖိုင်ကိုဖွင့်ဖို့ WinRar Software (သို့) အခြားဖွင့်လို့ရတာ တစ်ခုခု ရှိထားနှင့်ရမှာပါ။
အမှတ်စဉ် (၇)
Extract ဖြည်ပြီးသွားရင် အောက်ပုံ မြှား 10 အတိုင်း Folder ပုံလေးနဲ့ဖြစ်ပါမယ်။ အဲ Folder ကိုဖွင့်လိုက်ရင် အောက်ပုံ မြှား 11 အတိုင်း KMSAuto++ ကိုတွေ့ရမှာဖြစ်ပြီး အဲ့ပေါ်ကို Select မှတ်ပြီး Right Click နိပ်ပါ။
ပြီးရင် အောက်ပုံ မြှား 12 အတိုင်း Run as administrator ကိုနိပ်ပေးပါ။
Run as administrator ကိုနိပ်ပြီးရင် အောက်ပုံ မြှား 13 အတိုင်း Yes or No တောင်းတဲ့ Box တစ်ခု ကျလာပါမယ်။ Yes ကိုပဲရွေးပါ။
(တစ်ခါတလေ ချက်ချင်းမကျလာဘဲ ၁၀ စက္ကန့်လောက်စောင့်ရတတ်ပါတယ်၊ အချို့စက်တွေဆို Administrator Username & Password တောင်းပါလိမ့်မည်။ Email ထဲတွင် တစ်ခါထဲ ပါထားပြီးသားဖြစ်ပါမည်)
Activator တက်လာပြီဆိုရင်တော့ အောက်ပုံ မြှား 14 အတိုင်း KMSAuto++ ကိုနိပ်ပါ။
အမှတ်စဉ် (၈)
အောက်ပုံ မြှား 15 အတိုင်း Windows ကို Activate လုပ်မှာလား? Office ကို Activate လုပ်မှာလား ရွေးရပါမယ်။ မိမိ လုပ်လိုတဲ့ အပေါ်ကို နိပ်လိုက်ပါ။ (ယခု လုပ်နည်းမှာတော့ Activate Office ကိုနိပ်ပြီး စမ်းပြထားပေးပါတယ်)
အမှတ်စဉ် (၉)
Activate Office ကိုရွေးပြီး နိပ်လိုက်တော့ အောက်ပုံ မြှား 16 အတိုင်း “Are you sure?” ဆိုပြီး 10 to 0 Countdown ရေတွက်ပြနေပါလိမ့်မယ်။ 10 ထိမပြည့်ခင် နောက်တချက်ပြန်နိပ်ပါ။
ဆိုလိုတာကတော့ Office ကို Activate လုပ်မှာ သေချာလားဆိုပြီး သေချာအောင်စစ်ခိုင်းတဲ့သဘောပါ။ မိမိက သေချာပြီးသာဆိုတော့
အဲဒီ Are you sure? ပေါ်ကိုပဲ နောက် တစ်ချက် ပြန်နိပ်ရပါမယ်။
ထို့နောက် Install keys ဆိုတဲ့ Box တစ်ခုပြန်တက်လာခဲ့ရင် အောက်ပုံ မြှား 17 အတိုင်း Yes ကို နိပ်ပေးပါ။
(တစ်ခါတစ်လေ တက်မလာဘဲ သူ့ဘာသာ Auto ရှေ့ဆက်သွားတတ်ပါတယ်)
အမှတ်စဉ် (၁၀)
အောက်ပုံ မြှား 18 အတိုင်း အတုံးလေးတွေ ဟိုဘက်ဒီဘက် စပြေးနေပြီးတော့ အောက်ပုံ မြှား 19 အတိုင်း အောက်နားမှာလဲ စာတွေ သွားနေပါမယ်။ Activation စတင်လုပ်ဆောင်နေပြီဆိုတဲ့ သဘောပါ။ တနည်းအားဖြင့် Loading လုပ်နေတာပါ။ ၁ မိနစ်ကနေ အလွန်ဆုံး ၅ မိနစ်ခန့် ကြာတတ်ပါတယ်။
Loading လုပ်တာစောင့်ရင်း Error တက်သလိုလိုပုံစံ Box တွေတက်လာတတ်ပါတယ်။ အဲ့လိုတက်လာရင် OK (သို့) ပေါ်လာတဲ့ တစ်ခုခု နိပ်နိပ်သွားပေးလိုက်ပါ။
အမှတ်စဉ် (၁၁)
အောက်ပုံ မြှား 20 အတိုင်း ဟိုဘက်ဒီဘက် ပြေးနေတဲ့ အတုံးလေးတွေလဲ မရှိ (ရပ်) သွားပြီးတော့ အောက်ပုံ မြှား 21 အတိုင်း
ACTIVATION SUCCESSFUL ဆိုပြီး အစိမ်းရောင်လေးနဲ့ပေါ်လာပြီဆိုရင်တော့ Activation လုပ်ခြင်း အောင်မြင်စွာ ပြီဆုံးသွားပြီဖြစ်ပါတယ်။ ပိတ်သင့်တာတွေ ပိတ်ချလိုက်ပြီးတော့ မိမိ စက်ကို Restart လုပ်လိုက်ပါ။ ပြန်တက်လာရင် Microsoft Office ဖြစ်စေ၊ Windows ဖြစ်စေ ပုံမှန်ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်။
မှတ်ချက် - ACTIVATION SUCCESSFUL ဆိုပြီး အစိမ်းရောင်လေးနဲ့စာက တစ်ကြိမ်ထက်မနဲ ပေါ်လာတတ်ပါတယ်။ ပိုသေချာအောင် အောက်ပုံ မြှား 20 အတိုင်း အတုံးလေးတွေ ပြေးတာရပ်ပြီလား ဆိုတာကိုလဲ စစ်ကြည့်ပါ။ ၂ ခုလုံး အဆင်ပြေမှ သေချာတာမလို့ပါ။
ပြင်ပမှ Antivirus သွင်းထားပြီး မပိတ်တတ်သူများ အတွက်သာ
ယခုအဆင့်သည် စက်တိုင်းတွင်လုပ်စရာမလိုပါ
အချို့စက်များတွင် အထက်ပါ အမှတ်စဉ်များအတိုင်း Security Program ကို Off လုပ်ခဲ့သော်လဲ၊ Activator File ကိုထဲ့ထားတဲ့ ZIP/RAR ချုပ်ထားသောဖိုင် ကို Download ဆွဲပြီးလို့ Extract (ဖြေ/ဖွင့်) လုပ်တဲ့အချိန်တိုင်း Activator File လေးဟာ ပျောက်ပျောက်သွားတာမျိုး (Deleted ဖြစ်သွားတာမျိုး) ရှိတတ်ပါတယ်။ ဆိုလိုတာကတော့ Security Program ကို Off လုပ်ခဲ့သည့်တိုင်၊ အချို့ Security Program (ပြင်ပမှ Install လုပ်ထားမိတဲ့ Antivirus) တွေဟာ စက်ရဲ့ Setting ထဲ မပေါ်လာဘဲ သူ့ဘာသာ သီးသန့် ရှိနေတတ်လို့ပါ။ ဥပမာ - Smadav လိုဟာမျိုးပါ။ အဲလိုမျိုး Antivirus တွေကို Off/Pause/Disable လုပ်ဖို့ဆိုရင်တော့ Screen ရဲ့ ညာဘက်ထောင့် အောက်နားလေးမှာ ရှိ သူ့ icon လေးပေါ်နေမှာဖြစ်ပါတယ်၊ ပေါ်မနေဘဲ ပျောက်နေခဲ့ရင်တော့ အောက်ပုံ မြှား 7 အတိုင်း နိပ်ပါက အောက်ပုံ မြှား 8 အတိုင်း မိမိစက်တွင် ရှိသော အလုပ်လုပ်နေသော Icon များ ပေါ်လာမည်ဖြစ်ပြီး ထိုထဲမှ မိမိသွင်းထားသော Antivirus ရဲ့ icon လေးပေါ်တွင် Right Click နိပ်ပီ Off/Pause/Disable စတဲ့ စာသားတွေထဲက တစ်ခုခုပါတဲ့ နေရာ ရွေးနိပ်ပေးရမှာဖြစ်ပါတယ်. အောက်ပုံ မြှား 9 မှာ ဥပမာအနေနဲ့ ပြထားပေးပါတယ်